Skip to main content

citychurch.numbers.host

GROW AS YOU SERVE

FILL OUT THE FORM BELOW NOW!

The City Ministry Application Form

JOIN THE CITY Ministry TEAM

မင်္ဂလာပါ….!

The City Ministry Team တွင်ပါဝင်ဆပ်ကပ်ရန် စိတ်ဝင်စားသည့်အတွက် အထူးကျေးဇူးတင်ပါသည်။ကျွန်ုပ်တို့ ၏ ရူပါရုံနှင့်တန်ဖိုး ကိုပိုမိုရင်းနှီးကျွမ်းဝင်နိုင်ရန်အတွက် ကျွန်ုပ်တို့ထုတ်ပြန်ထားသော”ကျွန်ုပ်တို့ ၏ယုံကြည်မှု”( We Believe) ကိုသေချာစွာဖတ်ရှုပြီးမှသာ ဖြည့်စွက်ရမည့်ပုံစံတွင် သင် ၏အချက်အလက်များကိုပြည့်စုံစွာဖြည့်စွက်ပေးပါ။ ထိုအချက်အလက်များက သင့်အားလူတွေ့စစ်ဆေးရန်အတွက် သင့်ဘက်မှ အကောင်းဆုံးပြင်ဆင်နေကြောင်း ကျွန်ုပ်တို့ကိုပိုမိုနားလည်စေရန်ဖြစ်သည်။

OUR VISION & ATMOSPHERES

(ကျွန်ုပ်တို့ ၏ ရူပါရုံနှင့်တန်ဖိုး)

  • လူများ ၏အသက်တာတွင် ဘုရားသခင် ၏ ဖြစ်ခြင်းကိုဖော်ထုတ်နိုင်ရန်အတွက် ထိုလူများနှင့် ချိတ်ဆက်ခြင်း၊ လေ့ကျင့်တပ်ဆင်ပေးခြင်း၊ ခွန်အားပေးတည်ဆောက်ခြင်းကို လုပ်ဆောင်နေသည်။
  • ကျွန်ုပ်တို့သည်လူတန်းစားအားလုံးအားလက်ခံကြိုဆိုပေးသည်။
  • မိမိ ၏ဖြစ်ခြင်းအတိုင်းစစ်မှန်စွာအသက်ရှင်မှုကိုတန်ဖိုးထားသည်။
  • ဆုတောင်းခြင်းကိုဦးစားပေးသည်။
  • အခြားအရာအားလုံးထက် ဘုရားကိုပိုမိုဆာငတ်သည်။
  • ထူးဆန်းသောတန်ခိုးနိမိတ်လက္ခဏာများကိုယုံကြည်သည်။
  • အချင်းချင်းဂုဏ်ပြုတတ်သော ယဉ်ကျေးမှုကိုတန်ဖိုးထားလုပ်ဆောင်သည်။
  • စကားအားဖြင့်တိုက်တွန်းအားပေးတည်ဆောက်ပေးသည်။
  • ရက်ရောသောစိတ်သဘောရှိသည်။

 

ကျွန်ုပ်တို့၏ယုံကြည်မှု နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားထုတ်ပြန်ခြင်း

ကျွန်ုပ်တို့သည် သုံးပါးတစ်ဆူဖြစ်သောထာဝရဘုရားကိုယုံကြည်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်သောဝိညာဉ်တော်သည်တစ်ပါးချင်းစီသီးသန့် ဖြစ်ပြီး တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းယုံကြည်သည်။(တရား ၆:၄ , မဿဲ ၂၈:၁၉, ၂ကော ၁၃:၁၄)

ကမ္ဘာဦးကျမ်း အခန်းကြီး ၁, ၂ တွင်ပါဝင်သည့်အတိုင်း ဘုရားသခင်သည် ကမ္ဘာကြီးနှင့်တကွ အရာခပ်သိမ်းကိုဖန်ဆင်းကြောင်းယုံကြည်သည်။ ဘုရားသခင်သည် လူသားတစ်ယောက်ချင်းစီတိုင်းကိုဖန်ဆင်းပြီး လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပေးခဲ့သည်။ သို့သော်လူသားသည် ထိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အား မှားယွင်းစွာအသုံးပြုခဲ့သောကြောင့် အပြစ်တရားဝင်ရောက်လာသည်။ ကျွန်ုပ်တို့ ၏ နာခံမှုမရှိခြင်းနှင့် အပြစ် ၏သဘောသဘာဝကြောင့် ဝိညာဉ်ပိုင်းတွင်ဘုရားနှင့်အဆက်အသွယ်ပြတ်ခဲ့ပြီး မိမိတို့ ၏ကောင်းမှုကုသိုလ်အားဖြင့် ဘုရားသခင် ၏ရှေ့၌ဖြောင့်မတ်ရာသို့မရောက်နိုင်ကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ (ရောမ ၅:၁၂, ၁၈-၁၉)

ယေရှုသည် ခရစ်တော်ဖြစ်၍လူသားတစ်ရပ်လုံး ၏ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်ကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ ယေရှုသည် ရာနှုန်းပြည့်ဘုရားဖြစ်သော်လည်း အပျိုကညာ မာရိ ၏ဝမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေကိုခံယူပြီး ရာနှုန်းပြည့် လူသားအဖြစ်မွေးဖွားခဲ့သည်။ သူ ၏ အပြစ်နှင့်ကင်းသောအသက်တာနှင့် အသေခံခြင်းက လူသားတစ်ရပ်လုံးအတွက် ပြီးပြည့်စုံသော အပြစ်ဖြေခြင်းကိုဖြစ်စေကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ (ယောဟန် ၁:၁၄-၁၈, လုကာ ၁:၂၆-၃၅, ဟေရှာယ ၇:၁၄, ၉:၁၆)

ယေရှုသည်လက်ဝါးကားတိုင်တွင်အသေခံပြီး သင်္ဂြိုလ်ခြင်းကိုခံခဲ့သည်။ သုံးရက်မြောက်သောနေ့တွင်ရှင်ပြန်ထမြောက်ပြီး တပည့်တော်များထံတွင်ကိုယ်ကိုထင်ရှားပြသ၍ ထမြောက်ခြင်း ၏သက်သေကိုခိုင်မာစေခဲ့သည်။ ထို့နောက်ယေရှုသည်ကောင်းကင်သို့ ပြန်လည်တက်ကြွသွားခဲ့ပြီး သူ ၏အသင်းတော်ကိုသိမ်းဆည်းရန် ဒုတိယအကြိမ်ပြန်လည်ကြွလာလိမ့်မည်ဖြစ်ကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ (၁ ကော ၁၅:၁-၄, ရောမ ၄:၂၅, ယောဟန် ၁၄:၂-၃, ၁သက် ၄:၁၃-၁၈)

ဘုရားသခင်သည် တစ်စုံတစ်ယောက်ကိုမျှသူနှင့်ကင်းကွာ၍ပျက်စီးစေရန်အလိုမရှိ။ လူအပေါင်းတို့သည် စစ်မှန်စွာနောင်တရ၍ ယေရှုခရစ်တော်ကိုလည်းကောင်း၊ လက်ဝါးကားတိုင်တွင်ပြုခဲ့သောအမှုအားလုံးကိုလည်းကောင်း စိတ်နှလုံးဖြင့် ယုံကြည်ပြီး နှုတ်ဖြင့်ဝန်ခံခြင်းအားဖြင့်ထာဝရအသက်ကိုရရှိစေရန် ဘုရားသခင်အလိုရှိကြောင်း ကျွနိုပ်တို့ယုံကြည်သည်။ ဘုရားသခင် ၏ကျေးဇူးတော်တည်းဟူသော ယေရှုခရစ်တော်အားဖြင့်သာ ဘုရားသခင့်ရှေတော်၌ဖြောင့်မတ်ရာသို့ရောက်နိုင်သည်။ (တိတု ၃:၄-၇, ဧဖက် ၂:၈-၉, ရောမ ၅:၈-၁၁,၁၀:၈-၁၃)

သမ္မာကျမ်းစာသည် ဘုရားသခင် ၏တိကျသေချာသောစကားတော်ဖြစ်ပြီး ယုံကြည်ခြင်းနှင့် ရပ်တည်အသက်ရှင်ခြင်းအတွက် အလုံးစုံသောအခွင့်အာဏာရှိကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ (၂တိ ၃:၁၆, ၂ပေ ၁:၁၉-၂၁, ၁ကော ၂:၁၃)

ဝိညာဉ်လောက ၏စစ်မှန်စွာတည်ရှိခြင်း၊ ကောင်းကင်တမန်များနှင့်နတ်ဆိုးများ ၊ကောင်းကင်နှင့်ငရဲ ၊ မကောင်းဆိုး၀ါးများ ၊ စာတန်နှင့်တကွ ကျဆင်းသောကောင်းကင်တမန်များအတွက် ဘုရားသခင်စီရင်သည့် ထာဝရငရဲမီးအိုင် အစရှိသောအရာများအားလုံးကိုကျွန်ုပ်တို့ယုံကြည်သည်။ ယုံကြည်သူများလက်ခံရရှိသောထာဝရအသက်ကိုယုံကြည်သကဲ့သို့ မယုံကြည်သူများ ၏ဘုရားသခင်နှင့်ထာဝရကွဲကွာခြင်းကိုလည်း ကျွန်ုပ်တို့ယုံကြည်သည်။ (မဿဲ ၂၅:၄၁၊ ဗျာဒိတ်၂၀:၁၄-၁၅၊ ယောဟန် ၅:၂၄၊ ၃:၁၆,၃၆၊ မာကု ၉:၄၃-၄၈၊ ၂သက်၁:၈-၉၊ ဗျာဒိတ် ၂၀:၁၀-၁၅)

ဘုရားသခင်သည် ကျွန်ုပ်တို့အားယေရှုခရစ်တော်ပြုပေးခဲ့သည့် အမှုပြီးစီးခြင်းအပေါ်၌ရပ်တည်အသက်ရှင်စေလိုကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ ကယ်တင်ခြင်းစိတ်ချမှုရှိလာသည်နှင့်အမျှ ဘုရားကိုသာ၍နာခံသောအသက်တာရှိရန်၊ လူထက်သာ၍ဘုရားကိုကြောက်ရွံ့တတ်ရန်နှင့် ဘုရား ၏စကားကိုနာခံလိုက်လျှောက်ခြင်းအားဖြင့် စစ်မှန်သောခရစ်ယာန်အသက်တာ ၏ယုံကြည်ခြင်းကိုထုတ်ဖော်ရန် ဘုရားသခင်အလိုတော်ရှိကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ (ဧဖက် ၅:၁၈၊ ၂ကော ၆:၁၄၊ ၇:၁)

ရေ၌ဗတ္တိဇံခံခြင်း (ရေနှစ်ခြင်း) သည်ယေရှုခရစ်တော်အားမိမိ ၏အရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြုရန်ရွေးချယ်ခြင်းဖြစ်ကြောင်း လူအများရှေ့တွင်ဝန်ခံသည့် ပုံဆောင်ချက်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ကိုကျွန်ုပ်တို့ယုံကြည်သည်။ (မဿဲ ၂၈:၁၉၊ တမန် ၂:၃၄-၃၆၊ ၁၉:၁-၆)

သန့်ရှင်းတော်ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းသည် ဘုရားသခင်သာလျှင်ပြုလုပ်ပေးနိုင်သည့်ထူးခြားသောအတွေ့အကြုံဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ အခြားသောဘာသာစကားပြောခြင်းသည် ဝိညာဉ်ဗတ္တိဇံ ၏ထင်ရှားသော လက္ခဏာ သက်သေဖြစ်သည်ကိုလည်းကောင်း၊ ထိုအခြားသောဘာသာစကားသည် ဝိညာဉ်တော်၌ဗတ္တိဇံကိုခံပြီးသော ယုံကြည်သူတိုင်းအား ဘုရားသခင်ပေးအပ်သည့် ဆုတောင်းသောဘာသာစကား ဖြစ်သည်ကိုလည်းကောင်း ကျွန်ုပ်တို့အသိအမှတ်ပြုယုံကြည်သည်။ ( တမန် ၂:၁-၄၊ ၈:၁၄-၁၇၊ ၁၀:၄၄-၄၅၊ ဂလာတိ ၃:၁၄၊ ယုဒ :၂၀)

ဘုရားသခင်သည် ယုံကြည်သူတိုင်းအား ၁ကော ၁၂-၁၄၊ ဧဖက် ၄ တို့တွင်ဖော်ပြထားသော ဝိညာဉ်ဆုကျေးဇူးများရရှိပြီး၊ အမှုဆောင်ခြင်းလုပ်ငန်းများတွင်အသုံးပြုလိုကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ တန်ခိုးနိမိတ်လက္ခဏာများအားယနေ့ထိတိုင်ဘုရားသခင်သည်ပြုလုပ်နေဆဲဖြစ်ကြောင်းနှင့် ယေရှုခရစ်တော်နာမအားဖြင့် အနာငြိမ်းစေခြင်း၊ နတ်ဆိုး ၏ချုပ်နှောင်ခြင်းမှလွှတ်ခြင်းအမှုများ၌ ကနဦးအသင်းတော်များကဲ့သို့ပင်ယနေ့ခေတ်ယုံကြည်သူများအား အသုံးပြု၍ ဘုရားသခင် ၏စစ်မှန်သောအရာများကိုဤကမ္ဘာမြေကြီးပေါ်၌ ထင်ရှားစေလိုကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ ( တမန် ၄:၃၀၊ ရောမ ၈:၁၁၊ ၁ကော ၁၂:၉၊ ယာကုပ် ၅:၁၄၊ မာကု၁၆:၁၇)

လူသားအားလုံး ၏ဘဝအသက်တာသည် ဘုရားသခင်ပေးသောလက်ဆောင်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုဘဝအသက်တာသည် အမိဝမ်း၌သန္ဓေတည်သောအချိန်မှစ၍ အလေးအမြတ်ထားသင့်သည်ကိုလည်းကောင်း၊ သန္ဓေတည်သောအချိန်နှင့် မွေးဖွားသောအချိန်တွင် မည်သို့ကွဲပြားသောအခြေနေများရှိနေစေကာမူ လူတိုင်းအပေါ်တွင် ဘုရားသခင် ၏ပြီးပြည့်စုံသောရည်ရွယ်ချက်အကြံအစည်ရှိကြောင်းကိုလည်းကောင်းကျွန်ုပ်တို့ယုံကြည်သည်။ ကျွန်ုပ်တို့သည် လူ့သားဘဝ ၏ရိုသေလေးမြတ်ထိုက်သောအရာကို ယခုအချိန်၌ပင် အသိမှတ်ပြုအလေးထားသည်။

လက်ထပ်ထိမ်းမြားခြင်းသည် ယောကျာ်းတစ်ဦးနှင့် မိန်းမတစ်ဦးတို့အကြားပေါင်းစည်းရန်နှင့် အိမ်ထောင်တစ်ခုတည်ဆောက်ရန်အတွက် ဘုရားသခင် ၏ရည်ရွယ်ချက်ဖြစ်ကြောင်းနှင့် လိင်မှုကိစ္စအားလုံးသည် လက်ထပ်ထိမ်းမြားခြင်းအတွင်း၌သာသီးသန့်ရှိနေစေရန် ဘုရားသခင် ၏ရည်ရွယ်ချက်ဖြစ်ကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ (ကမ္ဘာ ၁:၂၇၊ ကမ္ဘာ ၂:၂၄၊ မဿဲ ၁၉:၄-၆၊ ဧဖက် ၅:၂၂-၂၃၊ မာကု ၁၀:၁-၉၊ ၁ကော ၇:၁-၄၊ သုတ္တံ ၅:၁၅-၁၉ ၊ ၁ကော ၆:၉၊ ဂလာတိ ၅:၁၆ )

ကျွန်ုပ်တို့ ၏ အပြစ်တရားသဘောသဘာဝနှင့် ကမ္ဘာလောက ၏ဖောက်ပြန်ပျက်ဆီးခြင်းကြောင့် ကျွန်ုပ်တို့သည်အမျိုးမျိုးသော ဒုက္ခပြဿနာများကို ရင်ဆိုင်နေရသော်လည်း ဘုရားသခင် ၏ နှလုံးသားမူကား ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်းကိုလိုအပ်၍ရှာဖွေသောသူတို့၌ချပေးကြောင်းနှင့် ကျေးဇူးတော်နှင့်သမ္မာတရားအားဖြင့် ကျန်းမာခြင်း၊ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကို လူတစ်ဦးချင်းစီတိုင်းရယူနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ ( ရောမ ၆,၇,၈၊ လုကာ ၄:၁၈၊ တမန် ၃:၁၉-၂၁၊ ဂလာတိ ၆:၁၊ ဆာလံ ၂၃:၃၊ ယေရမိ ၂၉:၁၁-၁၄၊ ယောဟန် ၁:၁၄-၁၇၊ ဟေဗြဲ ၄:၁၆၊ ယောဟန် ၈:၃၁-၃၂၊၂ကော ၁၂:၈-၉ )

ဘုရားသခင်သည် စစ်မှန်သောယုံကြည်သူအားလုံးကို အသင်းတော်တစ်ခုအနေဖြင့်မြင်ပြီး၊ ဘုရား ၏အမြင်တွင်ကမ္ဘာလုံးဆိုင်ရာအသင်းတော်တပါးတည်းရှိကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ ထိုကမ္ဘာလုံးဆိုင်ရာအသင်းတော်သည် ကမ္ဘာတစ်ဝှမ်းရှိ မတူညီသောအမှုဆောင်ခြင်းပုံစံနှင့် ဖွဲ့စည်းပုံအမျိုးမျိုးဖြင့်တည်ဆောက်ထားသောဒေသန္တရ အသင်းတော်များပါဝင် ပေါင်းစပ်ဖွဲ့စည်းထားကြောင်းကျွန်ုပ်တို့ယုံကြည်သည်။ (တမန် ၁၅:၂၂၊ မဿဲ ၁၆:၁၈၊ ၁၈:၁၅-၂၀ )

Personal Details


THE CITY YOUTH MINISTRY

Online Young Group Application Form


By submitting this form, I agree that The City Church (“Church”) may collect, use and disclose my personal data for the purposes of maintaining and updating the Church’s record as indicated for the purposes above in accordance with the Personal Data Protection Act. I also consent to the Church contacting me by calls, text messages and emails.